100watt - 230 volt ဓါတ်ငွေ့သွင်းထားသောမီးသီး တလုံးကို စမ်းသပ်ပြီး ဂရပ်ဆွဲကြည့် ရာ မျဉ်းကွေး A သည် TUNGSTEN မီးဇာပါသောမီးလုံး၏ခုခံမှုများဖြစ်သည်။မျဉ်းကွေး B သည် ဖရောင်းတိုင် 50 အား (50 - candlepower) ရှိသေားကာဗွန် မီးဇာပါသည့် မီးလုံး၏ စမ်းသပ်မှုမှရှိသော ခုခံမှုများဖြစ်သည်။ ထိုစမ်းသပ်မှုမှသိရှိရသည် မှာ tungsten မီးဇာ၏ ခုခံမှုသည် အပူချိန်တိုးလာ သည်နှင့် အမျှ ခုခံမှု (ohm)တန်ဖိုးတိုးလာသည်ကိုတွေ့ရှိနိုင်သည်။230 volt ပေးသွင်းသေားအခါ မီးဇာ filament ၏ခုခံမှုသည် မီးသီးအေးနေသေားအခါ ရှိသော ခုခံမှုတန်ဖိုး၏ ဆယ်ဆခန့် ရှိကြောင်းတွေ့နိုင်သည်။
ကာဗွန် မီးဇာ ပါသော မီးလုံး၏ ခုခံမှုသည် အပူချိန်တိုးမြင့်လာသည် နှင့် အမျှ ခုခံမှု (ohm)တန်ဖိုးလျှော့နည်းသွားကြောင်း တွေ့ရသည်။အလင်းရောင်ပြည့်ထုပ်လွတ်သောအခါ ခုခံမှုတန်ဖိုး သည် အေးနေ စဉ် ခုခံမှုတန်ဖိုး၏ တ၀က်ခန့် ရှိကြောင်းတွေ့ရသည်။ယင်းသို့စမ်းသပ်မှုအ မျိုးမျိုးမှ တွေ့ရှိချက်များမှာ သန့်စင်သော သတ္ထုများ (pure metals) ကြေးနီ (copper) သံ (iron) တန်စတင် (tungsten) စသည်တို့သည်အပူချိန်မြင့်တက်လာသည်နှင့် အမျှ ၄င်းတို့၏ လျှပ်စစ် ခုခံမှု resistance သည် လည်းမြင့်တက်လာကြောင်းတွေ့ရသည်
တဖန် ကာဗွန် (carbon , electrolytes) နှင့် လျှပ်ကာပစ္စည်းများ insulating materials. ဥပမာ ရောဘာ ( rubber) စက္ကူ ၊ စသည်တို့သည် အပူချိန်မြင့်တက်လာသည်နှင့်အမျှ လျှပ်စစ် ခုခံမှုလျှော့နဲလာသည်ကိုတွေ့ရသည်။
ယူရီကာ (eureka) =(နီကယ် 40% နှင့် ကြေးနီ 60% ရောစပ်ထားသော သတ္ထုစပ်) ကိုစမ်းသပ်သောအခါ အပူချိန် ပြောင်းလဲးသော်လည်း ၄င်း၏လျှပ်စစ် ခုခံမှု resistance ပြောင်းလဲမှုမရှိကြောင်းတွေ့ရသည်။
ထို့ကြောင့် ၄င်းသတ္ထုစပ်ကို ခုခံမှုအမျိုးမျိုးပြောင်းလဲစမ်းသပ်ရာတွင် အပူချိန်ကြောင့် ခုခံမှုမပြောင်း လဲးစေ လိုသော resistance box ပြုလုပ်ရာတွင် အသုံးပြုကြသည်။အပူချိန်ကိုအမှီပြုပြီးအရာဝတ္ထုများ၏ လျှပ်စစ်ခုခံမှုပြောင်းလဲးခြင်းများကို ဆက်လက်ဖော်ပြပါဦးမည်။ ( အသိပညာ ၊ အတတ်ပညာများ ၊ အများသူငါ ဖွံ့ဖြိုး တိုးတက်
ကြပါစေ။